CSO Academy သည် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် Cookies အသုံးပြုရပါသည်။ ဤ Site ကိုဆက်လက်အသုံးပြုခြင်းအတွက် ကျွန်ုပ်တို့၏ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒကို လက်ခံသည်ဟု မှတ်ယူပါမည်။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒ ကို ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။ .
Cookie ဆိုသည်မှာ သင်တို့အနေဖြင့် Site တစ်ခုခုသို့ ဝင်ရောက်သည့်အခါတွင် သင်တို့၏ ကွန်ပျူတာ သို့မဟုတ် Mobile ပစ္စည်းများအတွင်းတွင် Website ဘက်မှ သိမ်းဆည်းပေးထားသည့် စာဖိုင်အသေးစားတစ်ခုဖြစ်သည်။
First Party Cookies ဆိုသည်မှာ သင်တို့ ဝင်ရောက်သည့် Website မှ ကိုယ်တိုင်ထုတ်သည့် Cookies ဖြစ်သည်။ အဆိုပါ Cookies များကို Website ကသာ ဖတ်ရှု့နိုင်သည်။ ထို့အပြင် Website တစ်ခုသည် အခြားသော ပြင်ပဝန်ဆောင်မှု (External Services) များကိုလည်း အသုံးပြုတတ်သည်။ အဆိုပါ ပြင်ပဝန်ဆောင်မှုများသည် ၄င်းတို့ကိုယ်ပိုင် Cookies များကို ထုတ်နိုင်ပြီး အဆိုပါ Cookies များကို Third Party Cookies ဟု ခေါ်ဆိုကြသည်။
Persistent Cookies ဆိုသည်မှာ သင်၏ ကွန်ပျူတာနှင့် စက်ပစ္စည်းများပေါ်တွင် မှတ်သားထားပြီး Website ကို ဝင်ရောက်သည့် Browser ကို ပိတ်လိုက်သော်လည်း အလိုအလျောက် မဖျက်ပဲ ဆက်လက်ကျန်ရှိနိုင်ပြီး Session Cookie ဆိုသည်မှာ Browser မှ ထွက်လိုက်သည့်အခါတိုင်းတွင် အလိုအလျောက် ဖျက်သွားနိုင်သည့် Cookie ဖြစ်သည်။
CSO Academy သို့ ဝင်ရောက်သည့်အခါတိုင်းတွင် သင်အနေဖြင့် Cookies များကို လက်ခံသည်၊ (သို့မဟုတ်) လက်မခံနိုင်သည်ကို ခွင့်တောင်းခံရမည်ဖြစ်သည်။ အချို့သော Platform အတွက် မရှိမဖြစ်လိုအပ်သော Cookies များကို Platform ကို အသုံးပြုနေစဥ်အတွင်း လက်ခံသည်ဟု မှတ်ယူထားမည်ဖြစ်သည်။
ထိုသို့ တောင်းခံရခြင်းမှာ Site အနေဖြင့် သင်၏ မှတ်တမ်း (ဥပမာ - အသုံးပြုသူအမည်၊ ဘာသာစကား အစရှိသည်) တို့ကို အချိန်အတိုင်းအတာတစ်ခုအထိ မှတ်ထားနိုင်ရန် ဖြစ်ပါသည်။
သို့မှသာလျှင် သင့်အနေဖြင့် တဆက်တည်း Site အတွင်းတွင် ရှာဖွေအသုံးပြုနေစဥ်ကာလအတွင်း အဆိုပါ မှတ်သားထားသည့်အရာများကို ထပ်မံရိုက်ထည့်ရန် မလိုတော့ရန်ဖြစ်သည်။
Cookies များသည် မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သည့် အချက်အလက်များကို မှတ်သား၍ CSO Academy ၏ အသုံးပြုသူများ အဆင်ပြေချောမွေ့စေရေးတွင် အသုံးချရန် အသုံးပြုနိုင်သည်။
CSO Academy သည် အများအားဖြင့် First Party Cookies များကို အသုံးပြုသည်။ အဆိုပါ Cookies များသည် CSO Academy အဖွဲ့မှ ကိုင်တွယ်ပြီး အခြားသော ပြင်ပအဖွဲ့အစည်းများ အသုံးမပြုနိုင်ပါ။
အမည် | အသုံးပြုရသည့် ရည်ရွယ်ချက် | မှတ်သားထားမည့်ကာလ |
---|---|---|
csoa | အသုံးပြုသူ၏ သီးခြားအချက်အလက်များကို သိမ်းဆည်းရန် | ၁ လ |
CSO Academy သည် အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ဖို့ လေ့လာရန်အတွက် Metricool ဟုခေါ်သည့် ပြင်ပ ဝန်ဆောင်မှုတစ်ခုကို အသုံးပြုပါသည်။ အဆိုပါ Cookies သည် သင့်အနေဖြင့် ကျွန်ုပ်တို့ Platform တွင် မည်ကဲ့သို့ အသုံးပြုသည်ကို မည်သူမည်ဝါဖြစ်ကြောင်းအချက်အလက်များ မယူပဲ လေ့လာဆန်းစစ်လျက်ရှိပါသည်။
ထို့အပြင် အဆိုပါ အချက်အလက်များကို အခြားသော ပြင်ပအဖွဲ့များနှင့် အခြားသော ကိစ္စရပ်များအတွက် အသုံးပြုရန် မျှဝေခြင်းမပြုထားပါ။ အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်းမပါသည့် အချက်အလက်များကို CSO Academy Project အောက်တွင် စာချုပ်ချုပ်ဆို အလုပ်လုပ်ကိုင်နေကြသည့် CSO Academy ၏ အဖွဲ့သားများအတွင်းတွင်သာ မျှဝေပါသည်။
ထိုပြင်ပဝန်ဆောင်မှုဖြစ်သည့် Metricool သည် CSO Academy ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောအဖွဲ့တစ်ခုဖြစ်သည့်အတွက် ၄င်းတို့၏ ဝန်ဆောင်မှုဆိုင်ရာမူဝါဒ၊ ရည်ရွယ်ချက်နှင့် Cookies အသုံးပြုမှုတို့သည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည်။ ၄င်းတို့၏ သက်ဆိုင်ရာ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒကို ဖတ်ရှု့လိုပါက ဤနေရာတွင် ဖတ်ရှု့နိုင်ပါသည်။
လက်ရှိ Metricool မှ လာသည့် Cookies များ
အမည် | အသုံးပြုရသည့် ရည်ရွယ်ချက် | မှတ်သားထားမည့်ကာလ |
---|---|---|
_tt_enable_cookie | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | ၁ နှစ် |
crisp-client%2Fsession%2F15b0c028-f728-4a4f-add2-7657188bddac | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | ၇ လ |
_mcool-att-0 | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | Session Cookie, Browser မှ ထွက်လိုက်သည့်အခါတိုင်းတွင် အလိုအလျောက် ဖျက်သွားမည် |
rl_anonymous_id | Site ကို လာသည့် လူအရေအတွက်ကို ရေတွက်ရန် | ၁၁ လ |
rl_trait | အသုံးပြုသူ ဝင်နေကြောင်းကို မှတ်ရန် | ၁၁ လ |
rl_user_id | မတူညီသည့် အသုံးပြုသူတစ်ဦးချင်းကို ရေတွက်ရန် | ၁၁ လ |
rl_page_init_referring_domain | စေလွှတ်လိုက်သည့် Domain ကို မှတ်ရန် | ၁၁ လ |
rl_page_init_referrer | စေလွှတ်ပေးခဲ့သူကို မှတ်ရန် | ၁၁ လ |
_gcl_au | Google Ads မှနေ၍ အသုံးပြုသူ၏ ကြော်ငြာအတွေ့အကြုံကို မှတ်၍ ပိုကောင်းသော အတွေ့အကြုံပေးနိုင်ရန် | ၃ လ |
rl_group_id | အသုံးပြုသူလာသည့် အစုအဖွဲ့ကို မှတ်ရန် | ၁၁ လ |
_ga_XNWPVKYTBS | Website ၏ ဝန်ဆောင်မှုများအတွက် | ၁ နှစ် |
မရှိမဖြစ်လိုအပ်သော Cookies | ||
_ttp | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | ၁ နှစ် |
_fbp | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | ၂ လ |
_mcool-a-clientd | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | Session Cookie, Browser မှ ထွက်လိုက်သည့်အခါတိုင်းတွင် အလိုအလျောက် ဖျက်သွားမည် |
rl_group_trait | ရောက်လာသည့် အစုအဖွဲ့၏လမ်းကြောင်းကို မှတ်ရန် | ၁၁ လ |
rl_session | အသုံးပြုသူ၏ Session ကို မှတ်ရန် | ၁၁ လ |
_mcool-is-premium | Website ၏ ဝန်ဆောင်မှုများအတွက် မရှိမဖြစ်လိုအပ်သော Cookies | ၁၁ လ |
_ga | Google Analytic မှ အသုံးပြုသူကို ခွဲခြားပေးသည့်စနစ် (မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်သည့် အချက်အလက်များ) | ၁ နှစ် |
အကယ်၍ သင့်အနေဖြင့် Metricool ၏ သုတေသနဆိုင်ရာ Cookies များကို ပိတ်ချင်ပါက CSO Academy Platform ကို သင့် Browser ၏ ကိုယ်ယောင်ဖျောက်(Incognito) စနစ်ဖြင့် အသုံးပြုနိုင်ပါသည်။
သင့်အနေဖြင့် CSO Academy Platform ကို ဝင်ရောက်သည့်အခါ လာမေးသည့် စာပိုဒ်တွင် အားလုံးလက်ခံမည် (Accept all cookies) သို့မဟုတ် မလိုအပ်သော Cookies များကို ငြင်းပယ်မည် (Refuse non-essential cookies) စသည့် ခလုတ်များကို နှိပ်ရွေးနိုင်သည်။
သင့်အနေဖြင့် ကွန်ပျူတာနှင့် စက်ပစ္စည်းများအတွင်းတွင် သိမ်းဆည်းထားသည့် Cookies များအားလုံးကို သင်၏ Browser မှ မှတ်တမ်းများကို ရှင်းလင်းခြင်း (Clear History) ဖြင့် ရှင်းလင်းနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် Cookies အားလုံး ဖျက်သွားမည်ဖြစ်သည်။
သတိပြုရန်မှာ ထိုသို့ရှင်းလင်းလိုက်သည့်အတွက် သိမ်းဆည်းထားသည့် အသုံးပြုသူဆိုင်ရာ အချက်အလက်များ၊ Site နှင့်ပတ်သက်သည့် မှတ်တမ်းများကို ဆုံးရှုံးသွားနိုင်သည်။
Site နှင့်ပတ်သက်သည့် Cookies များကို ပိုမို ထိန်းချုပ်စီမံခန့်ခွဲလိုပါက သင်အသုံးပြုနေသည့် Browser ၏ Privacy and Cookie Setting နေရာတွင် သွားရောက်၍ ဆောင်ရွက်နိုင်ပါသည်။
ယခုနောက်ပိုင်းထွက်ရှိလာသည့် Browser များတွင် သင့်အနေဖြင့် Cookies များ မသိမ်းထားနိုင်ရန် ကာကွယ်နိုင်ပါသည်။ သို့သော် သင့်အနေဖြင့် အဆိုပါ ပိတ်ပင်ကာကွယ်ထားမှုကြောင့် Site သို့မဟုတ် Page တစ်ခုခုကို ဝင်ရောက်တိုင်း ကိုယ်တိုင် ထည့်သွင်းဆောင်ရွက်ခြင်းအချို့ ပြုလုပ်ရနိုင်သည်။ ထို့အပြင် အချို့သော ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက်များ သင့်ထံတွင် အလုပ်မလုပ်ခြင်းမျိုးလည်း ကြုံရနိုင်ပါသည်။ (ဥပမာ _ အသုံးပြုရန် ဝင်ရောက်ခြင်း)
သင့်အနေဖြင့် ကျွန်ုပ်တို့၏ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ မရှင်းလင်းသည်များနှင့် မေးမြန်းလိုသည်များ ရှိပါက သင့်အနေဖြင့် ကျွန်ုပ်တို့ CSO Academy ၏ စာတိုက် : contact@csoacademymm.org ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို လေ့လာလိုပါကလည်း ဤနေရာတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
ဤ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒသည် ကျွန်ုပ်တို့၏ CSO Academy Platform ကို ပြောင်းလဲမှုပြုလုပ်တိုင်းတွင် ပြောင်းလဲပြင်ဆင်မှုရှိနိုင်ပြီး သင့်အနေဖြင့် အခါအားလျော်စွာ ဝင်ရောက် ဖတ်ရှု့နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင့်ထံသို့ အပြောင်းအလဲများအတွက် စာပို့မည်မဟုတ်သော်လည်း သင့်အနေဖြင့် လက်ခံ၊ လက်မခံကို သင့်အနေဖြင့် CSO Academy Platform ကို ဝင်ရောက်သည့်အခါ လာမေးသည့် စာပိုဒ်တွင် ရွေးချယ်ဆုံးဖြတ်နိုင်ပါသည်။